Sunday, March 11, 2012

မြန်မာပြည်သူ၏အကျိုးကိုမကြည့်ဘဲ NLD အောင်နိုင်ရေးအတွက်ကြိုးပမ်းနေတဲ့ ဒေါ်စုကြည်


၂၀၁၂ခုနှစ် မတ်လ ၇ ရက်နေ့ မနက် ၁၁နာရီလောက်မှာ ဒေါ်စုကြည်ရဲ့နေအိမ်အတွင်းမှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Mr.Marray stuert Mc Cully နဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းဌာနတစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီတိုးတက်မှုကိုလာရောက်လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာအကြောင်းနဲ့ ဘယ်လိုပဲလာလာ ဒေါ်စုကြည်အနေနဲ့ကတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု များကို ပြန်လည်ဖွင့် လှစ်ပေးဖို့ တောင်ဆိုမှုဆိုတာမရှိခဲ့ပါဘူး။ ဒေါ်စုကြည်အနေနဲ့ ပြည်သူတွေဘက်မှာ ဘယ်လိုပဲရပ်တည်ပေးနေပါတယ်လို့ပြောပြော ဒေါ်စုကြည်ရဲ့လုပ်ရပ်များဟာ မြန်မာပြည်သူလူထုအတွက် ကောင်းကျိုးမပေးဘူးဆိုတာ သိလာရပါတယ်။


NLD အနေနဲ့ ၂၀၁၂ခုနှစ် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်နေရာ ၄၈နေရာလုံးဝင်ပြိုင်မယ်ဆိုတာတွေ့ရပါတယ်။ အဲ့ဒီလိုဝင်ပြိုင်ဖို့အတွက် ပါတီမဲရရှိရေးမှာ စည်းရုံးရေးလုပ်ငန်း စဉ်တွေကို အကွက်ချလုပ်ဆောင်နေတာတွေ့ရမှာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေက အားရကျေနပ်စရာ ရှိပါတယ်ဆိုတဲ့အကြောင်းလေးနဲ့ ဖြစ်ပေါ်လာမဲ့ဆိုးကျိုးများကို တထောင့်တနေရာကနေ ပြင်ပေးနိုင်ဖို့ ပြည်သူတစ်ယောက်အနေနဲ့ တွေ့တာမြင်တာလေးများကိုပြောရပါတော့မယ်။
ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးခရီးစဉ်အဖြစ်သွားရောက်တဲ့နေရာတိုင်းမှာ လူအများကြီးနဲ့ ဓါတ်ပုံ များကိုသာတွေ့ရပါတယ်။ အနည်းငယ်လောက်သောလူအုပ်များနဲ့ ဓါတ်ပုံများကိုတော့ အင်တာနက်ပေါ်မှာ မတွေ့ရပဲ စတုတ္ထမဏ္ဍိုင်တို့ရဲ့ ရပ်တည်မှုမပီသမှုများကိုလည်း မြင်တွေ့နေရပါတယ်။ ဒီအချက်ကိုကြည့်မယ် ဆိုရင် ဒေါ်စုကြည်ရဲ့လုပ်ရပ်များကိုတွေ့ရမှာဖြစ်ပါတယ်။ အကယ်၍သာ ဒေါ်စုကြည် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ရင် လက်ရှိအစိုးရအနေနဲ့ မဲစာရင်တွေကို လိမ်လည်ထားတယ်လို့ အမှန်အကန်စွပ်စွဲလိမ့်မယ်လို့ မြေကြီးလက်ခက်မလွဲပြောရပါတော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒေါ်စုကြည်ကသာ စည်းရုံးရေးလုပ်ငန်းစဉ် တွေကို အားကြိုးမာန်တက်လုပ်နေပေမယ့် လက်အောက်မှာတော့ အာဏာရရှိရေးနဲ့ အာဏာရလာရင်ဘာလုပ် မလဲဆိုတဲ့ ပါတီဝင်တွေအများကြီးရှိနေပါတယ်။

အဆိုးဆုံးကတော့ မိန့်ခွန်းတော်တော်များများမှာ ပြည်သူကို မဲပေးဖို့စည်းရုံးပေမယ့် ခရီးစဉ်ပြန်ရောက် လို့ နယူးဇီလန်ဝန်ကြီးနဲ့တွေ့တော့ ပြည်းသူ့အကျိုးကို ပဓာနမထားဘဲ မဲအနိုင်ရရှိရေးအတွက် မဲစာရင်းမှား တာကိုပဲပြောခဲ့ပါတယ်။ ပြည်သူတွေရဲ့အခြေအနေတွေကို လက်တွေ့ကျကျမြင်ခဲ့ရပေမယ့်လည်း စီးပွားရေး ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဖို့မတောင်းဆိုခဲ့ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲပြီးမှသာ စီးပွားရေးပိတ်ဆိုမှုကို ဖွင့်ဖို့ မဖွင့်ဖို့ စဉ်းစားပေးမယ်ဆိုတဲ့ အဖြေသာရလာခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်စုကြည်ကို ရွေးကောက် ပွဲမှာ အနိုင်ရဖို့တစ်ခုတည်း ဦးတည်ပြီးလုပ်နေတယ်ဆိုတာ သိသာပါတယ်။ ပိတ်ဆို့မှုဖွင့်ပေးရင် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိလာမယ် တစ်ဦးချင်းဝင်ငွေတွေမြင့်မားလာပြီး တိုင်းပြည်ဆင်းရဲ တွင်းက ကျော်ဖြတ်နိုင်မယ်ဆိုတာသိသိကြီးနဲ့ အတ္တဆန်တဲ့ ဒေါ်စုကြည်ရဲ့ အပြုအမူတွေက မြန်မာပြည်သူလူထု အတွက် ရင်လေးစရာများနှင့်သာ ပြည့်နှက်နေပါတယ်။

Myanmar Express

No comments:

Post a Comment