Sunday, March 11, 2012

သိစေချင်သည်(၂)

ကျွန်တော်တို့ဘလော့ဂ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ရေးကြတယ်ဆိုတာကို အားလုံးကိုရှင်းပြပြီးသားပါ.အားလုံးက စစ်သားတိုင်းကို မမုန်းသလို ကျွန်တော်တို့ကလဲပြည်ပရောက် အားလုံးကို ရှုတ်ချအပြစ်တင်နေတာ မဟုတ်ပါဘူး..ကျွန်တော်တို့ အင်တာနက်ကိုသုံးခွင့်ရတဲ့ အချိန်မှာ ကျွန်တော်တို့စိတ်ထဲမှာ ဖြစ်လာတာတွေကို ရေးမယ်..တပ်မတော်နဲ့ပြည်သူကို သွေးကွဲအောင်လုပ်ချင်ကြတဲ့ ပြည်သူအမည်ခံ ပြည်ပရောက် မျိုးမချစ်မြန်မာများရဲ့ ရေးသားချက်တွေထဲက ဖြစ်နိုင်မဖြစ်နိုင်ကို ကျွန်တော်တို့သိသလောက်နဲ့ ဖြေရှင်းတာတွေကို လုပ်မယ်..ဘယ်လိုအကြောင်းအရာမျိုးပဲ ဖြစ်ဖြစ် အကျိုးအကြောင်းနဲ့ ရှင်းလင်းဝေဖန်ခြင်းကို လက်ခံတဲ့သူတိုင်း ကျွန်တော်တို့နဲ့အတူ ဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတယ်…

အခုဆိုရင် ကျွန်တော်တို့လူငယ်များထဲမှပဲ အင်တာနက်ဘလော့ဂ်တွေ အများကြီးဖြစ်လာမှာကိုတွေ့ရမှာပါ.. သူတို့ဘယ်လိုတွေမြင်ကြတယ်..သူတို့ဘယ်လိုတွေရေးကြတယ်ဆိုတာကိုတော့ သူတို့စာကိုဖတ်ကြည့်ရင် နားလည်သဘောပေါက်မှာပါ..ရုရှားရောက်ညီအစ်ကိုများထဲမှ ဘလော့ဂ်ကိုအစောဆုံးအကျွမ်းတ၀င်ရှိခဲ့သူတွေ အများကြီးရှိပါတယ်..ဒါပေမယ့် သူတို့တွေဟာ သူတို့ဝါသနာအလျှောက် ဟာသစာပေတွေ၊ သူတို့အတွေ့အကြုံတွေ၊ ၀တ္တုတိုလေးတွေ၊ကဗျာလေးတွေရေးရင်းနဲ့ပဲ သူတို့စာသင်ကြားနေတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ကြပါတယ်..အဲလို ဘလော့ဂ်ဂါများကိုတော့ အားလုံးနဲ့ခင်မင်ပြီး မိတ်ဆက်စနောက်ကြပြီး ညီအစ်ကိုတွေလို ဖြစ်နေကြပြီး ဖြစ်ပါတယ်..

နောက်ထပ်ကျွန်တော့်ဘလော့၈်လင့်မှာဖော်ပြထားတဲ့ ဘလော့ဂ်များအကြောင်းကိုတော့ ကျွန်တော်ဘာကြောင့် လင့်ခ် လုပ်တယ်ဆိုတာကို ပြောပြချင်ပါတယ်..ပထမဆုံးပြောချင်တာကတော့ ပြည်တွင်းကနေ ရေးသားတဲ့ အမျိုးချစ်သူ ဘလော့ဂ်ပါ..
ခွေးဖိနပ်ဆိုတာကတော့ ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လူရဲ့ခြေထောက်အောက်က ဖိနပ်ကိုတောင် လူတွေကအိမ်ဦးခန်းမှာထားလို့လား။ ဘယ်သူကအလေးအမြတ်ထားလို့လဲ။ သန့်ရှင်းတဲ့နေရာတစ်ခုခုကို နင်းမယ်ဆိုရင်တောင် ဖိနပ်ချွတ်ပြီးးမှနင်းကြတာ။ ထားပါတော့ ဒါတောင်လူတွေရဲ့ခြေထောက်အောက်က ဖိနပ်ပဲရှိသေးတယ်။ ခွေးရဲ့ခြေထောက်အောက်ကဆိုရင်တော့ ပြောစရာမလိုတော့ဘူး။ ဘယ်လောက်တောင်အဆင့်ရှိလဲဆိုတာ။ ဒီလူတွေရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို ပြောတာပါ။ နောက်ပိုင်းတွေမှာ အဲဒီလူတွေကို ခွေးဖိနပ်လို့ပဲပြောတော့မယ်ဗျာ။
ဒါကတော့ သူ့ဘလော့ဂ်ထဲက လင့်ခ်လုပ်ထားသူတွေအပေါ်ကို သတ်မှတ်ချက်ဖြစ်ပါတယ်.. သတင်းတွေပြောတဲ့ဘလော့ဂ်တွေပါသလို၊ ပညာရပ်ဆိုင်ရာနဲ့ တပ်မတော်ပြည်သူသွေးကွဲအောင် ဖြစ်နိုင်တာတွေရော၊ မဖြစ်နိုင်ရာတွေပါ လိုသလိုဆွဲတွေးပြီး ရေးသားသူတွေကို နှိပ်ကွပ်ထားတာပါ..အဲဒီခွေးဖိနပ်များဆိုသူတွေရဲ့စာတွေထဲမှ သူစိတ်ထဲမှာ အမြင်မတော်ဖြစ်လာတာကို ဒဲ့ရေးပြီးဆော်တဲ့အပြင် သူသိသလောက် ဗဟုသုတအချို့ကိုရေးတဲ့ ဘလော့ဂ်တစ်ခုဖြစ်ပါတယ်..


နောက်ထပ်တစ်ခုကအလွမ်းရောင်ဘလော့ပါ..သူ့ဘလော့ဂ်မှာလဲ တတ်နိုင်သလောက်သူသိသမျှ ဗဟုသုတများကို ဖြန့်ဝေပေးထားပါတယ်…သံယောင်များလာရင်လဲ မညှာတမ်းတွဲမယ့်ဘလော့ဂ်ပါပဲ…နောက် စစ်သားဘ၀အမှတ်တရများကို ရေးတဲ့ ကိုနေလွမ်းသူဘလော့နဲ့ တပ်မတော်သား တစ်ယောက်ရဲ့ ဘ၀ခံစားချက်များကို ၀တ္တုတိုလေးတွေနဲ့ ရေးပြီးဖော်ပြထားတဲ့ စစ်သားတစ်ယောက်ရဲ့ ၀ိဥာဉ်ဘလော့ဂ်ပါ.လမ်းပြကြယ်ဘလော့ဂ်လေးကိုတော့ ရှရှားနိုင်ငံတွင်းမှာ နာဂစ်အတွက်ရန်ပုံငွေပွဲလေးကို ရုရှားရောက်လူငယ်များနဲ့ဆရာ၊ဆရာမများ ပူးပေါင်းပြီးတော့လုပ်ခဲ့တဲ့ ဓာတ်ပုံဆောင်းပါးလေးကိုကြည့်ရာ ကနေ စတင်သိကျွမ်းခဲ့တာပါ...ကိုနတ်သျှင်နောင်ဘလော့ဂ်ကတော့ ဘလော့ဂ်ဖတ်တဲ့သူတော်တော် များများသိပြီးဖြစ်ပါလိမ့်မယ်. .သူတို့တွေအပြင် ကျွန်တော်ဝင်ဖတ်ဖြစ်တဲ့ ဘလော့တွေတော်တော်များများ ကျန်ရှိပါသေးတယ်..ကျန်တဲ့ ကျေးစေတမန်တို့၊သာကီနွယ်တို့၊ပိတောက်မြေတို့ကတော့ သတင်းကိုစိတ်ဝင်စားသူတိုင်းဝင်ဖတ်ဖြစ်ကြတဲ့ ဘလော့ဂ်တွေမို့လို အထွေအထူးပြောစရာ မရှိပါဘူး…
ပြောစရာရှိလာတာကတော့ နေနတ်နွယ်ဘလော့ဂ်ပါ…အစပိုင်းမှာတော့ ပို့စ်များကိုဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်စွာနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်..ကျွန်တော်အတွက်တော့ သူပြောတာတွေဟာ ကလေးဆိုး တစ်ယောက်လိုမျိုး အကြောင်းအရာတစ်ခုကို ရန်ဖြစ်ဖို့ထက်ကလွဲပြီး ပိုကောင်းတဲ့အမြင်ထွက်မလာတာကြောင့် ဟာသလိုမျိုးသွားရောက်လေ့လာရယ်မောတတ်ပါတယ်..ဒါပေမယ့် အိမ်တစ်အိမ်နားမှာ အမြဲဟောင်တဲ့ခွေးတစ်ကောင်လိုမျိုး အိမ်စောင့်အဖြစ်အသုံးကျပေမယ့် ဟောင်လွန်းတော့ နားညည်းလာပါတယ်.. (ကျွန်တော်ဘာကြောင့် ဒီလိုအသုံးအနှုံးမျိုးတွေသုံးရလဲဆိုတာကိုတော့ သူ့ဘလော့ဂ်ကို သွားလေ့လာကြည့်ရင် သိနိုင်ပါတယ်..ကျွန်တော်တို့လဲ ဒီလိုစာမျိုးကိုရေးတတ်တယ်ဆိုတာကို သိစေချင်လို့ ယခုလိုရေးရခြင်းဖြစ်ပါတယ်..သည်းခံဖတ်စေချင်ပါတယ်..)..ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်လာသလိုမျိုး သူများတွေပြောလာတာများတာကတစ်ကြောင်း၊ ကျွန်တော်လင့်ခ်လုပ်ထားပေးတဲ့ ဘလော့ဂ်များနဲ့ ဂုဏ်ရည်တူအဆင့်တစ်ခုကို မသတ်မှတ်နိုင်တာကတစ်ကြောင်းကြောင့် သူ့ကိုလင့်ခ်လုပ်ထားရာကနေ ဖြုတ်လိုက်ပါတယ်…

ပို့စ်များထဲက ကွန်မန့်များမှာ ၀င်ရောက်ဆွေးနွေးပေးသူများကိုတော့ ကျေးဇူးတင်ပါတယ်..ကျွန်တော်တို့မှာ ကိုယ်ပိုင်အချိန်ထဲက ပို့စ်တစ်ပုဒ်ရေးပြီးတဲ့အပြင် ကွန်မန့်များကို ၀င်ရောက်ဆွေးနွေးပေးခြင်းများက နောက်ကျနိုင်ပါတယ်…ဒါပေမယ့် ကျွန်တော်တို့ရေးတဲ့စာကိုလာဖတ်သူတွေဟာ ကျွန်တော်တို့ရေးတာတွေနဲ့ ပက်သက်ပြီးဆွေးနွေးခြင်းများကိုပါ ဖတ်ရှုရင်ပိုကောင်းစေနိုင်တာကြောင့် အမျိုးသမီး၊ရဟန်းသံဃာ ဖတ်လို့ မသင့်တော်တဲ့ ရိုင်းစိုင်းသော ကွန်မန့်များကို ချန်လှပ်ပါတယ်..စီဘောက်စ်မှာ ဆဲဆိုသူတွေနဲ့ ပက်သက်လို့ကတော့ ကျွန်တော်တို့ စီဘောက်စ်ဟာ လူများစွာဆွေးနွေးနိုင်အောင်လုပ်ထားတဲ့ စီဘောက်စ်ဖြစ်ပါတယ်..မည်သူမဆိုလွတ်လပ်စွာဆွေးနွေးနိုင်ကြပါတယ်…ဘယ်သူကပဲ စဆဲဆဲ၊ ဆဲတဲ့သူဟာ ကိုယ့်အဆင့်အတန်းကိုဖော်ပြခြင်းသာဖြစ်ပါတယ်..ဆွေးနွေးခြင်းတွေကိုပဲ ကျွန်တော်တို့ကြိုဆိုနိုင်ပါတယ်..ဒီလို အကျိုးမဲ့ ဆဲဆိုခြင်းတွေကို မလုပ်ဖို့လဲ ထပ်ပြီးတိုက်တွန်းပါတယ်…တစ်ချို့ကွန်မန့်မှာ မရေးချင်သူတွေ၊ တစ်ချို့ဆွေးနွေးချင်သူတွေဟာ စီဘောက်စ်မှာ ရေးသားကြပါတယ်..အမျိုးသမီးတွေ၊ သံဃာတော်တွေကို အားနာစေချင်ပါတယ်..

ကျွန်တော်နဲ့ဆွေးနွေးသူအများစုကတော့ ကျွန်တော်တို့ရေးတဲ့ထဲက အမှားကိုရှာပြီးပြပါဆိုရင် ဆန္ဒခံယူပွဲနဲ့ ပက်သက်ပြိးထောက်ပြကြပါတယ်..မဲလိမ်တယ်..မတရားတာကို တင်ထားတယ်ဆိုပြီး ဝေဖန်ကြပါတယ်.. မြန်မာနိုင်ငံမှာ မြို့နယ်ဘယ်နှစ်ခုရှိတယ်ဆိုတာကျွန်တော်မသိပါဘူး..ဒါပေမယ့် အစိုးရအမှားကို အမြဲတမ်း ရှာဖွေပြီး သတင်းကိုအတင်းလုပ်ရေးနေတဲ့ မီဒီယာတွေ၊ဘလော့ဂ်တွေမှာ ဖော်ပြနိုင်တဲ့ မြို့နယ်က လက်ဆယ်ချောင်း မပြည့်ပါဘူး..မဲဆန္ဒပေးသူများထဲမှာ ဘယ်လောက်ကထောက်ခံမဲပေးခဲ့တယ်ဆိုတာကို ကြည့်ပါ..ကွာဟချက်ကိုသုံးသပ်ကြည့်စေချင်ပါတယ်..ဘယ်သူအုပ်ချုပ်ချုပ် မြန်မာနိုင်ငံတွင်းက ပြည်သူဟာ အေးချမ်းမှုကိုပဲ လိုချင်ပါတယ်..သူတို့ထောက်ခံရင် ဘာတွေကောင်းကျိုးရနိုင်မလဲဆိုတာကို အစိုးရကထောက်ပြ နိုင်ပြီး မထောက်ခံရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အတိုက်အခံတွေက မထောက်ပြနိုင်ခဲ့ပါဘူး.. ပြည်ပရောက်ကန့်ကွက်မဲပေးတာများတာကတော့ ရှင်းပါတယ်..သူတို့ထောက်ခံခံ၊မထောက်ခံခံ သူတို့ဘ၀ဟာ မြန်မာပြည်တွင်းက ပြည်သူများနဲ့ ခြားနားလွန်းပါတယ်..သူတို့ပြောင်းလဲမှုကို အမြန်ဆုံးလိုချင်တယ်..မပြောင်းလဲ ရင်လဲ သူတို့အတွက်က ပိုပြီးမထူးခြားလာပါဘူး..နောက်ဆုံးပြည်သူတွေလမ်းမပေါ်ကိုထွက်အော်ရင်တောင်မှ သူတို့ကအဝေးမှာဖြစ်တဲ့အတွက် ထိခိုက်မှုဘာမှမဖြစ်ပါဘူး..လူတွေစုစုနဲ့ ပြည်ပကိုထွက်ခွင့်ရချိန်မှာ အစိုးရကို အတိုက်အခံလုပ်သူတွေရဲ့ကြားမှာ သူတို့ဆန့်ကျင်ချင်ရင်တောင် ဆန့်ကျင်နိုင်ခွင့်မရပါဘူး..လွတ်လပ်မှုကို လိုချင်တယ်ဆိုတဲ့ သူတို့ဒီမိုသမားတွေကြားမှာ အမှန်တကယ်ကောင်းမွန်တာတစ်ခုကို သူတို့ပြောဖို့အခွင့်အရေး မရှိပါဘူး..နောက်ဆုံးတော့လဲ ပြည်တွင်းနေပြည်သူတွေရဲ့ဆန္ဒဟာ တိုင်းပြည်အတွက် အတည်ဖြစ်စေခဲ့တယ်ဆို တာကိုနားလည်စေချင်ပါတယ်..

နောက်တစ်ခုကတော့ အခုထိပြောလို့မဆုံးနိုင်တဲ့ သံဃာသတ်တယ်ဆိုတဲ့ ကိစ္စပါ..ဘုန်းကြီးတွေ ဘယ်နှစ်ပါးလမ်းပေါ်ထွက်ပြီး ဘယ်နှစ်ပါးကို သတ်ခဲ့သလဲဆိုတာကို အရင်စဉ်းစားကြည့်ပါအုံး..ဗုဒဘာသာကိုး ကွယ်တဲ့မြန်မာနိုင်ငံမှာ စက်တင်ဘာ ဘယ်စစ်သားက ဘုန်းကြီးကိုဆဲရေးတိုင်းထွာ၊ရိုက်ပုတ်တာကို တွေ့ဖူးပါသလဲ..ဘုန်းကြီးတွေက ဒုတ်ကိုင်၊ခဲကိုင်၊ မျက်နှာကိုစည်းတာတွေကို တွေ့ရမှာပါ.. ဘုန်းကြီးကျောင်းတစ်ခုကို ၀င်ရောက်ရှာဖွေတော့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သတင်းစာကနေတရာဝင်ကြေငြာခဲ့တယ်ကို မဖတ်ဖူးသူတွေ ကျွန်တော့်ဆီမှာ တောင်းနိုင်ပါတယ်.. ဘုန်းကြီးဟာ ဘုန်းကြီးလိုမနေချိန်မှာ တပ်မတော်ကအာဏာကိုသုံးပြီး နှိမ်နှင်းခဲ့ရတာပါ…တကယ်လို့ မနှိမ်နှင်းခဲ့ရင် နောက်ပိုင်းမှာ ဆန္ဒပြသူသံဃာကတစ်ဖက်၊ သာသနာပိုင်ဆရာတော်ကြီးများကတစ်ဖက် သံဃာဂိုဏ်း ကွဲသည်အထိ အန္တရာယ်ကြီးပါတယ်..ဒါတောင် ပြည်ပကိုထွက်ပြေးပြီး သံဃာ့ဥသျှောင်အဖွဲ့ဆိုပြီး စင်ပြိုင်ဖွဲ့ပါသေးတယ်..ကွန်မန့်တစ်ခုမှာတော့ ဆဒ္ဒာန်ဆင်မင်းတောင်မှ သံဃန်းကိုမြင်ချိန်မှာ ဒူးတုတ်ခဲ့တယ်ဆို ပြီးရေးသားထားပါတယ်..အစိုးရဆိုတာ တိုင်းပြည်တစ်ခုလုံးကို ကြည့်ရပါတယ်..နိုင်ငံရေးသမားများဟာ ကျောင်းသားတွေကို အသုံးချဖို့ကြိုးစားကြတယ်..ဆရာ၊ဆရာမတွေနဲ့ ရပ်ရွာမိဘကထိန်းသိမ်းမှုတွေကြောင့် သူတို့စည်း၇ုံးခွင့်မသာပါဘူး..တပ်မတော်တွင်းမှာလဲ သွေးကွဲဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်..စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် သွေးကွဲစရာအကြောင်းလဲမရှိပါဘူး..ဒါနဲ့ နောက်ဆုံးမှာ သံဃာတော်များထဲကို ၀င်ရောက်ပြီး သာသနာကိုအသုံးချလာပါတယ်..ထိန်းသိမ်းခံကိုယ်တော်တစ်ပါးရဲ့အစစ်ခံချက်မှာဆိုရင် အဲဒီကိုယ်တော်ဟာ ဆန္ဒပြတာနဲ့ပက်သက်ပြီး ရေရေရာရာမသိပါဘူး..ဘယ်ကမှန်းမသိတဲ့ ဘုန်းကြီးတစ်ပါးက သူ့လက်ထဲကို အလံလာပေးတာကြောင့် ကိုင်ထားမိရက်ကနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်..( ဒီထွက်ဆိုချက်တကယ်ဟုတ်မဟုတ်ကိုတော့ ထောင်တွင်းနီးစပ်သူများထံမှာ စုံစမ်းကြည့်နိုင်ပါတယ်..).. ဒီလောက်ခဏလေးဖြစ်တဲ့အတွက်တောင်မှ ပြည်တွင်းမှာ ညဘက်မထွက်ရတာတွေ၊ ဆက်သွယ်ရေး အခက်အခဲတွေနဲ့ စိတ်ပျက်ဖွယ်ရာအခြေအနေတွေဖြစ်လာတာ နေ့စဉ်ရက်ဆက်လမ် ပေါ်ထွက်တာတွေကို မတားဆီးနိုင်ခဲ့ရင် ဒီထက်ဒီပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်.. သာသနာအလံနောက်ကွယ်က ခွပ်ဒေါင်းအလံကိုင်ပုဂ္ဂိုလ်များကိုဖမ်းဆီးတဲ့အခါမှာ မိတဲ့လက်နက်တွေနဲ့ ပြည်တွင်းဆူပူဖို့ကြိုးစားတဲ့ ခွပ်ဒေါင်းကြီးများ ဓာတ်ပုံကိုလဲ သတင်းစာကနေ ဖော်ပြခဲ့ပါတယ်…ပြည်သူဟာ ပြည်သူအလုပ်လုပ်လို့ အစိုးရကလဲ အစိုးရအလုပ်ကိုလုပ်နေပါတယ် အခုဖြစ်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်သူတွေက အရေးပါတယ် ဘယ်သူတွေကအရေးမပါဘူးဆိုတာ ဒီပို့စ်လေးကိုဖတ်ပြီးသိကြမှာပါ ဒါကြောင့်မျိုးမချစ်တဲ့သူတွေပြောတဲ့ကြားစကားတွေကိုချင့်ချိန်ပီးမှ ယုံကြည်ကြပီး အနာဂတ်မြန်မာနိုင်ငံအတွက် အကျိုးပြုမယ့်အရာများကိုကြိုးစားလုပ်ကိုင်ကြပါစို့ဗျာ....


No comments:

Post a Comment