Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, June 22, 2012

“ ရိုဟင်ဂျာ ” - မဟုတ် - “ ဘင်ဂါလီ ” “ ဘားမား ” - မဟုတ် - “ မြန်မာ ”



“ ရိုဟင်ဂျာ ”  -  မဟုတ်  -  “ ဘင်ဂါလီ ”
“ ဘားမား ”  -  မဟုတ်  -  “ မြန်မာ ”

          အခုတစ်လော နိုင်ငံခြားသတင်းမီဒီယာတွေ၊ အချို့သော ပြည်တွင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ် က ဘလော့တွေမှာ ရိုဟင်ဂျာဆိုပြီး အသုံးအနှုန်းတွေကို တွေ့နေရပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ ထဲမှာ ရိုဟင်ဂျာဆိုတာ မပါပါဘူး။ အစိုးရအဆက်ဆက်နဲ့ ပြည်သူလူထုများက အသိအမှတ်မပြုခဲ့ကြပါ။ ဖိုးရှင်းတို့ အမျိုးလည်းမဟုတ်ပါ။ အဲဒါကို ဒီဘင်ဂါလီကုလားတွေကပဲ အခွင့်အရေး ရှိသယောင်ယောင် ပြည်ပသတင်းမီဒီယာတွေက ဘေးတီးပေးနေကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ စာရွက်ပေါ် မှာတောင် မဖော်ပြသင့်ဘူးလို့ ထင်တယ်။ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလုံးဝမတွေ့ရပါ။ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါပါဘူး။ ဒီတော့ သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပဲ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လိုတယ်။ ဒီအသုံးအနှုန်းကို သုံးလိုက်မယ်ဆိုရင် သူတို့ကို အသိအမှတ်ပြုနေတယ်လို့ ထင်သွားစရာ ဖြစ်နိုင်တယ်။
          လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ဘင်ဂါလီကိစ္စဟာ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးရဲ့ အရေးကိစ္စလို့ပဲ ထင်တယ်။ ဒီဘင်ဂါလီတွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကစိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုနေတာဟာ ဘင်ဂါလီတွေအတွက် အကွက် ဖြစ်နေတယ်။ ဒီဘင်ဂါလီတွေနဲ့ ပတ်သတ်လို့ ဖိုးရှင်းတို့ တစ်နိုင်ငံတည်းမှာ ပြဿနာရှိနေတာ မဟုတ်ပါဘူး။ မလေးရှားတို့၊ ထိုင်းတို့မှာလည်း ဘင်ဂါလီပြဿနာတွေ ဖြေရှင်းနေရတာပဲ။
          လက်ရှိအခြေအနေမှာတော့ စစ်တပ်အနေနဲ့လည်းအမိန့်နာခံပြီး တစ်ဆင့်ခြင်းဖြေရှင်းနေတာ တွေ့ရ တယ်။ ကပ်လျက် နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သံဆူးကြိုးတွေနဲ့ အထပ်ထပ် ကာထားတာ လေ့လာခဲ့ဖူးတယ်။ အိန္ဒိယနယ်ခြားစောင့်တပ်များဟာ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် အိန္ဒိယနိုင်ငံထဲဝင်လာတဲ့ ဘင်ဂါလီတွေကို အပြတ်ရှင်းတာပါပဲ။ ဖိုးရှင်းတို့နိုင်ငံက လူသားချင်းစာနာ ထောက်ထားလို့ လက်ခံထားတာကို အိမ်ပေါ်တက်ပြီး စော်ကားတဲ့ ဒီဘင်ဂါလီတွေကို အကြမ်းနည်းနဲ့ မဖြေရှင်းဘဲ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တစ်မျိုးသားလုံးဝိုင်းပြီး ဖြေရှင်းရမယ်လို့ ပြောပါရစေ။

          နောက်တစ်ခုက အမေစု ILO မှာ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သတ်ပြီး ဘားမား ဆိုပြီး တော်တော် များများထည့်သုံးသွားတာ တွေ့ရတယ်။ အခုဆိုရင် အမေစုဟာ လွှတ်တော်ထဲမှာ တရားဝင် ပြောခွင့်၊ ဆိုခွင့်ရှိတဲ့ အမတ်တစ်ယောက်ဖြစ်နေပြီလေ။ နောက်ပြီး ဒီ ILO Governing Body သတင်းကြေငြာသူ အကုန်လုံးက မြန်မာ လို့ သုံးနှုန်းနေတာ အမေ မကြားလို့လား။ အခြေခံဥပဒေမှာ မြန်မာလို့ပဲပါတယ်။ ဗမာ နဲ့တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံချင်တာလား။ ဘာလို့မပြောင်းနိုင်တာလဲ။ ဒါကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ထင်တယ်။ အပေါ်ယံပဲကြည့်ကြည့်၊ သေချာပဲကြည့်ကြည့် အမေစုက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ဟာ ဥပဒေကို အထူးလေးစား လိုက်နာဖို့တော့လိုမယ်လို့ ဖိုးရှင်းထင်တယ်။ အမေစုနိုင်ငံခြားသွားတာနဲ့ ဒီမို သမားတွေရဲ့ ဘလော့တွေမှာ ပလူပျံနေအောင် အမေစုပုံတွေ တွေ့ရတော့တာပါပဲ။ တချို့ပုံတွေဆို တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ နိုင်ငံခြားသားကို ကိုးကွယ်တာ အရမ်းသိသာပါတယ်။ ဒါကြောင့်လည်း ဒီမိုတွေရဲ့ ဘလော့အတော်များများမှာ အမေစုကို ဝေဖန်တိုက်ခိုက်တဲ့ စကားလုံးတွေ ပေါ်လာတာပဲဖြစ်ပါတယ်။
          ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ရိုဟင်ဂျာလို့မသုံးပါနဲ့။ ဘင်ဂါလီလို့ပဲ သုံးပါလို့ တိုက်တွန်းပါရစေ။ အမေစုကိုလည်း ဘားမား လို့ပြောပြီး တိုင်းရင်းသားအချင်းချင်း သွေးမခွဲဖို့ ပြောလိုက်ပါရစေ . . . . . . . ။
         

ဖိုးရှင်း

Thursday, June 21, 2012

မွေးနေ့ရှင်မရှိဘဲ ကျင်းပခဲ့သော မွေးနေ့ပွဲမှ ခံစားချက် အချို့


မွေးနေ့ရှင်မရှိဘဲ ကျင်းပခဲ့သော မွေးနေ့ပွဲမှ ခံစားချက် အချို့
ရန်ကုန် ဇွန်၂၁
 
 
          ၂၀၁၂ ခုနှစ်၊ ဇွန်(၁၉)ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၇)နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ဒီမွေးနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကကြီးဦးတင်ဦးကနေ ဦးဆောင်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ အဖွဲ့ချုပ် ခြံဝင်းထဲမှာကျင်းပခဲ့တာဖြစ်ပေမယ့် မွေးနေ့ရှင်ကိုယ်တိုင် မရှိတဲ့အတွက် တက်ရောက်လာတဲ့သူတွေရဲ့ ရင်ထဲမှာတစ်ခုခုလိုအပ်နေသလိုလို ခံစားနေကြရပါတယ်။ မွေးနေ့ရှင်ဖြစ်တဲ့ အမေစုမရှိဘဲကျင်းပတာဟာ ဗမာ့ထုံးစံအရဆိုရင်တော့ ကွယ်လွန်သွားတဲ့သူတွေကို ရည်မှန်းပြီး ကျင်းပသလိုမျိုး ဖြစ်နေပါတယ်။
          သခင်ကိုယ်တော်မှိုင်းရဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့တို့၊ ဆရာဇော်ဂျီရဲ့ရာပြည့်မွေးနေ့တို့ စသည်ဖြင့် တွေ့မြင်သိ ကြားဖူးထားတဲ့အခါကျတော့ အခု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မရှိဘဲ မွေးနေ့ပွဲကျင်းပနေတဲ့ အတွက် အတိတ် ကောင်း နိမိတ်ကောင်းဖြစ်မလာမှာကို စိုးရိမ်နေတဲ့သူတစ်ချို့လဲရှိနေပါတယ်။ အရာရာမှာသိမြင် တတ်ကျွမ်းနားလည်နေတဲ့ စစ်ပြန်ကြီးဘဘဦးတင်ဦးအနေနဲ့ သိရက်နဲ့တမင်လုပ်တာလား။ ဒါမှမဟုတ်… ဒေါ်အောင်ဆန်းစုကြည်ကိုပိုမိုနာမယ်ကျော်ကြားလူကြိုက်များအောင်လုပ်နေတာလားဆိုတာကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။
          ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသမီးအနေနဲ့ လေးစားပါတယ်။ အားလဲကိုးပါတယ်။ ဒါပေမယ့် တစ်ခုသောစိုးရိမ်စိတ်တွေဖြစ်ပေါ်လာတာကနေ အခုဆိုရင် ဒေါ်စုရဲ့ စိတ်နေသဘော ထားတွေဟာ လယ်ပြင်မှာဆင်သွားသလို သိသာမြင်သာလာနေပါတယ်။ လွန်လေပြီးသော အကြောင်းတွေ ကိုထည့်မပြောတော့ပါဘူး။ အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ အနေအထားကိုပဲကောက်နှုတ် တင်ပြပါမယ်။ အမေစုနိုင်ငံခြားမသွားမီရက်ပိုင်း အလိုမှာ ပြည်တွင်းမှာ လူမျိုးရေးပဋိပက္ခတစ်ခုဖြစ်ပွားတယ်။ ဒီမီးဟာ ငြိမ်းသွား မလိုလိုနဲ့ တောက်လောင်လာတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်အနေနဲ့ အမေစု ရပ်တည်ပေးမသွားဘူး။
         
အမေစုခရီးစဉ်ကိုပဲ မပျက်မကွက်ထွက်သွားခဲ့တယ်။ အမေစုကိုယ်စား အမေရိကန်နဲ့ပြင်သစ်သံရုံးတွေက မူဆလင်ကုလားတွေကို ခေါ်တွေ့ပြီး အကူအညီပေးမဲ့ အကြောင်းပြောတယ်။ မြန်မာတိုင်းရင်းသား ရခိုင်တွေကိုတော့ ခေါ်ယူနှစ်သိမ့်ခြင်းမလုပ်ခဲ့ဘူး။ ဒါဟာ ဘာကိုပြသလဲဆိုရင် အမေစုအနေနဲ့ ဗြောင်ရပ်တည်ရမှာစိုးလို့ တဖက်လှည့်နဲ့ အမေရိကန်နဲ့ပြင်သစ်သံရုံးတွေကို ထောက်ပံ့ခိုင်းတာလို့မြင်ပါတယ်။ အခုလဲ အနောက်နိုင်ငံတွေမှာ လှည့်လည်ပြီး အပျော်ကြီး ပျော်နေတယ်။ သတင်းတွေမှာ ကြည့်ပြီးတော့ ကျွန်တော်တို့စိတ်ထဲမှာ တကယ်ပဲဝမ်းနည်းသလို ခံစားရပါတယ်။ အဲဒါက ဘာလဲဆိုတော့ အမေစုအနေနဲ့  မိမိနိုင်ငံသားတွေထက် အနောက်နိုင်ငံသားတွေအပေါ်မှာ ပိုမိုပြီး သံယောဇဉ်ရှိပါလား ဆိုတဲ့စိတ်က အမေစုရဲ့မျက်နှာမှာပေါ်နေပါတယ်။
          ဒါကြောင့်မို့ မွေးနေ့ရှင်မရှိဘဲ မွေးနေ့ပွဲကျင်းပနေတဲ့ ဘဘဦးတင်ဦး၊ဘဘဦးဝင်းတင်တို့ကိုလဲ တော်တော် လေးပဲ သနားစိတ်ဝင်လာမိပါတယ်။ မြန်မာပြည်သူလူထုက လွပ်လပ်ရေးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာရယ်၊ ဖခင်လိုပဲ မျိုးချစ်စိတ်ရှိမယ် ထင်လို့ ရွေးချယ်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ မျှော်လင့်ချက်တွေ ဟာ အကောင်းဆုံး ဖြစ်လာပါ့မလားဆိုတဲ့ အတွေးတွေ ၀င်နေမိပါတော့တယ်။