Saturday, March 10, 2012

အလင်းထဲက စောင့်နေတယ် ဇရှိရင် ထွက်လာခဲ့ ပုဆိုးခြုံထဲက လက်သီးပြနေတဲ့ ထမိန်ဝတ်ထားတဲ့ ငတိတွေ


ကဲဗျာ..အခုတစ်လော အသံဖိုင်တွေ ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်မဟုတ်ဘူးဆိုတဲ့အကြောင်းတွေ အီးမေးလ်ပါတင်ပြီး ရှင်းချင်တဲ့သူ သိချင်တဲ့သူလာ ကြိုဆိုပါတယ်ဆိုတော့ တစ်ချို့တစ်လေတော့ လာကြပါတယ်..ဒါပေမဲ့ ပြည်ပမီဒီယာဆိုက်တွေကို ၀င်ဖတ်ပြီး ယုံနေကြတဲ့သူတွေနဲ့ Gtalk မှာလက်ခံပြီး ဖြေရှင်းပေးနေရတဲ့သူတွေရဲ့စာရင်းကို ယှဉ်ကြည့်လိုက်ရင် အများကြီးကွာတယ်..အဲဒီတော့ လူတိုင်းကို လိုက်မရှင်းနိုင်ဘူး..ကျွန်တော်နိုင်သလောက်ကိုပဲ ရှင်းပေးနိုင်တယ်..လူတိုင်းကို မရှင်းပေးနိုင်လို့လဲ ဂရုစိုက်စရာတော့ မရှိဘူး..စိုက်လဲမစိုက်ဘူး..ဘာလို့လဲဆိုတော့ ဒီလူတွေ အမှန်ကိုသိသွားလို့လဲ ဘာမှဖြစ်မလာသလို ဒီအတိုင်းသိနေလဲ ဘာမှဖြစ်မလာဘူး..

ဒါပေမဲ့ အဲဒီလိုမဟုတ်မမှန်တာတွေ လန်ကြုတ်လုပ်ပြီး လွှင့်နေတဲ့ သတင်းမီဒီယာဆိုက်တွေ ဘလောခ့်ဆိုက်တွေကိုတော့ သူတို့မှားနေကြောင်း လူတွေသိအောင်လုပ်ဖို့ လိုတယ်ထင်တာပဲ..အဲဒါကြောင့်လဲ ရှင်းနေရတာ..မနေ့ကတော့ တော်တော်လေးလာအပ်ကြတယ်..တချို့ကျတော့လဲ စကားစပြောတာနဲ့ အမှန်ကိုသိကြတယ်..တချို့ကျတော့လဲ အမှန်ကိုတော့ သိသွားပါတယ်..ရည်ရွယ်ချက်က တစ်ခြားရောက်သွားတယ်..ဘာတဲ့..အရာရှိက ကွမ်းစားလို့တဲ့...ကွမ်းစားထားတာ ပါးစပ်ကို ညစ်ပတ်နေတာပဲတဲ့...ဘာမှလဲ မဆိုင်ဘူး..ပလိမ်းကြီးကို သူများအပစ်သွားပြောနေတော့..သူတို့သိချင်တာက အသံဖိုင်တွေထဲက လူကနေလင်းမောင် ဟုတ်မဟုတ်ဆိုတာ သိချင်လို့ လာခေါ်ပြီးပြောကြတာ.. မဟုတ်မှန်းလဲသိရော ရန်ကုန်က ဗိုလ်ကြီးဆီရောက်သွားတယ်.. ကွမ်းစားလို့တဲ့ စည်းကမ်းမရှိဘူးတဲ့... လားလားမျှ မပတ်သတ်တဲ့ စကားတွေ..သူဟာသူ ကြိုက်တတ်လို့ ကွမ်းစားတာပဲဗျာ သူတို့က အဲဒီဗိုလ်ကြီးရဲ့ မိန်းမလိုလိုဘာလိုလိုနဲ့ ပြောလိုက်သေးတယ်.. ကိုယ့်နေရာကိုယ် မနေတာကိုပြောပါတယ်..စစ်သားကို ကြည့်မရဘူးသာပြောတယ် အဲဒီဗိုလ်ကြီးမျက်နှာကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြောနေတာ..စိတ်ဝင်စားနေလား မပြောတတ်ဘူး..

အဲဒီလိုနဲ့ ဗိုလ်ကြီးကို စိတ်ဝင်စားနေတဲ့ မိန်းခလေးများကို ရှင်းပြီးသွားတဲ့နောက်မှာ ရှေ့ကတစ်ခုက ရှင်းလို့မပြီးသေးဘူး နောက်တစ်ခုက ထပ်ပေါ်လာပြန်တယ်..ဒါလဲ သူများပြောလို့သိရတာပါ..ကိုယ့်ဟာကိုယ် ကျောင်းသွားနေရတာနဲ့ မအားတော့ဘလော့ခ်တွေလဲ မ၀င်မိပါဘူး..အဲဒါနဲ့ သူများပြောတဲ့ဘလောခ့်ကို သွားကြည့်တာပေါ့...ဘယ်ဘလော့ခ်များလဲမှတ်တယ် အတင်းတွေ (အဲမှားလို့) သတင်းတွေရေးနေတဲ့ MMEDWatch.blogspot.com ဖြစ်နေတယ်... အဲဒီဘလော့ခ်က ရေးထားတယ်ဆိုကတည်းကိုက တော်တော်လေးကို ယုံရခက်တော့မယ်..ဘာလို့လဲဆိုတော့ သူတို့နဲ့အမြင်မတူတဲ့သူတွေဆို မှန်တာတွေရော မမှန်တာတွေရော အပုတ်ချအတင်းပြော ရေးတော့တာပဲ..

ပြီးရင်ခေါင်းကရှောင်ချင်သေးတယ်..သတင်းပေးတွေက ပြောတာဆိုပြီး...တကယ်သေချာလား ဘယ်သူပြောတာလဲ..ဘယ်သူက စပြီးပြောတာလဲ မေးကြည့်.. တစ်ယောက်မှ ထွက်လာမှာမဟုတ်ဘူး..ဒီလိုပဲ ပြောသံကြားတာပဲတို့..သူငယ်ချင်းတစ်ယောက်က ပြောတာပဲတို့...ဒီဘလောခ့်ကဟာတောင် မူရင်းဖြစ်ချင်မှ ဖြစ်မှာပါတို့ စတဲ့သရဲဘောကြောင် ခေါင်းရှောင်ပြီး ဟိုလူကိုလွဲချ ဒီလူကိုလွဲချ လုပ်ကြတာ..အဲဒီတော့ ကျွန်တော်က စပြီးအလိုက်တသိပဲ ပြောလိုက်မယ်ဗျာ..

အဲဒီ ခင်ဗျားတို့ ဘလော့ခ်မှာရေးထားတဲ့ ဦးလေးအိမ်ဆိုတာတွေ၊ ညီမ၀မ်းကွဲဗိုက်ကြီးတယ်ဆိုတာတွေ၊ တာဝန်မယူဘူးဆိုတာတွေဟာ mmedwatch.blogspot.com ကလူတွေရော၊ သတင်းပေးတွေရောအားလုံးကိုရော ငါတို့ရေးထားတဲ့ ပို့စ်က သေချာတယ်ဆိုတာကို ဘယ်သူတာဝန်ယူနိုင်ပါသလဲ..ဟိုလူပြောတာကြားလို့ ဒီလူပြောတာကြားလို့ဆိုပြီးတော့မပြောစေချင်ဘူး...မလွဲချစေချင်ဘူး..

မင်းကိုပြောတာ ငါပဲကွာဆိုပြီး လူပုံအလယ်ကို ထွက်လာခဲ့...ဆိုတော့ အခုဖြစ်နေတာက ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းကို ကောက်တင်ပြီး အပုတ်ချတာ မရှက်ဘူးလားဗျာ...ဟို ကိုအေးလွင်ပြောသလိုပဲ...ပြည်ပမီဒီယာတွေက လွှင့်တဲ့ သတင်းတွေမှာ စစ်တပ်ဟာ တော်တော်လေးပုံဆိုးနေတယ်တဲ့..သူကတော့ ပြည်တွင်းမှာဆိုတော့ သိတယ်တဲ့..

အဲဒီလိုပဲ ကျွန်တော်လဲ ခင်ဗျားတို့ဘလော့ခ်ပေါ်ရောက်မှ တော်တော်လေးကို ဘ၀က ဆိုးသွားတော့တယ်..ခင်ဗျားတို့ရေးထားတဲ့ ကျွန်တော့ရဲ့ ကိုယ်ရေးအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ပေါ့ ကျွန်တော်ရှင်းပြချင်တယ်..
၁။ အမည်မှန်တယ်
၂။ ကိုယ်ပိုင်အမှတ် မှန်တယ်
၃။ နေရပ်က မန္တလေးဆိုတာပဲ မှန်တယ်..ပိုက်ကျုံးဆိုတာမှားတယ်...
၎။ MEPhI ဆိုတာကတော့ မှန်တယ်..လောလောဆယ်တော့မဟုတ်ဘူး.. စရောက်ကတည်းက ဒီမှာနေတယ်..ပြန်တော့လဲ ဒီကပဲ ပြန်မှာပဲ.. ဘယ်မှလဲ မပြောင်းဘူး...အဲဒီတော့ လောလောဆယ်ဆိုတာ မထည့်ရင် မှန်တယ်..
၅။ စည်းကမ်းထိမ်းသိမ်းရေး ကျောင်းသားခေါင်းဆောင် ဆိုတာမှားတယ်..
၆။ ဗိုလ်လောင်းဘ၀က မပွေဘူးဆိုတာ အိမ်ကဧည့်တွေ့ ခဏခဏလာပါတယ် ခင်ဗျာ..မိသားစုနဲ့သာတွေ့ဆုံပါတယ်..
၇။ ကျွန်တော့ ဦးလေးက ကျိုက်ထိုမှာနေပါတယ် ခင်ဗျာ..စစ်သားပါ..သူ့သမီး ညီမ၀မ်းကွဲဆိုတာ ကျွန်တော် ၁၀ တန်းလောက်ကတည်းက ယောင်္ကျားရသွားပါပြီ ခင်ဗျာ..ကျိုက်ထိုဘက်က လူနဲ့အိမ်ထောင်ကျပါတယ် ခင်ဗျာ...ဒီနေ့ထိ ကျွန်တော့ညီမ၀မ်းကွဲများနဲ့ ကောင်းကောင်းမတွေ့ဘူးပါ ခင်ဗျာ..


သတင်းပေးတယ်ဆိုတဲ့ သူတွေနဲ့ ဘလော့ခ်ရေးတဲ့ သူတွေ ကိုယ်ချင်းစာတရားလေးနဲ့ ယှဉ်ပြီးရေးသားရင် ပိုကောင်းမယ်ထင်တယ်..ခင်ဗျားတို့ရေးတဲ့ စာတွေခင်ဗျားတို့ တာဝန်မယူနိုင်ပဲ ခေါင်းမခံနိုင်ပဲ လျေက်လျေက်မရေးပါနဲ့...လူအထင်သေးတဲ့ စကားလုံးတွေသုံးပြီးတော့ သူ့လူကိုယ်ဘက်ပါလိုလုပ်တဲ့ လုပ်ရပ်တွေ၊ အတိုက်အခံဆိုက်တွေလုပ်နေကြ လုပ်နည်းတွေလို လာမလုပ်နဲ့..ခေါင်းခံရဲရင်ထွက်လာခဲ့ပါ...ကျွန်တော်ပြောချင်တာကတော့ အခုဖြစ်နေတဲ့ပုံက ကျွန်တော့ကို လူတွေသိတယ်..ကျွန်တော်က လူတွေကို မသိဘူး..လူတွေထဲကနေ ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး တိုက်ခိုက်နေတာ ကြည့်မကောင်းဘူး..ရှေ့ကိုထွက်လာခဲ့လိုက်..ပွဲလှသွားလိမ့်မယ်...အဲဒီတော့ ကျွန်တော်အလင်းရောင်ထဲက စောင့်နေတယ်..အမှောင်ထုလူအုပ်ထဲက ထွက်လာခဲ့လိုက်ပါ..

You might also like:

No comments:

Post a Comment