Saturday, March 24, 2012

ဲပြတ်ပြတ်သားသား ထောက်ခံကြပါစို့


ဘကြီးဖြို။ လာစမ်းပါဦးကွ၊ မောင်ဒဲ့ဒိုး။ ငါတို့လာမယ့် မေလ ၁ဝရက်နေ့မှာ ဆန္ဒမဲပေးရမယ့်ကိစ္စကို တချို့ကလည်း မထည့်ကြနဲ့လို့ ပြောတယ်။ တချို့ကတော့ ထည့်ရင်လည်းကန့်ကွက်မဲထည့်လို့ပြောနေတယ်။ အဲဒါငါတို့မဲထည့်သင့်၊မထည့်သင့် မင်းအမြင်ကလေးကို ပြောစမ်းပါဦးကွာ။
မောင်ဒဲ့ဒိုးး ။ ဘကြီးဖြိုးကရော ဘယ်လိုစိတ်ကူးထားသလ။ဲ မဲထည့်မှာလား၊ မထည့်ဘူးလား။
ဘကြီးဖြိုး ။ ဟ-ဒါကတော့ ငါတို့မဲထည့်ရင် ဘာအကျိုးကျေးဇူးရမလဲ၊ မဲမထည့်ဘဲနေရင် ဘာတွေဆုံးရှုံးမှု ဖြစ်မလဲ ဆိုတဲ့အပေါ် မူတည်မှာပေါ့။ ထောက်ခံမဲနဲ့ ကန့်ကွက်မဲလည်းဒီလိုပဲပေါ့။ ဒါပေမယ့် ငါတို့က သာမန်အရပ်သူ အရပ်သားဆိုတော့ အဲဒါတွေ သိပ်နားမလည်ဘူးလေကွာ။ဖြစ်နိုင်ရင်တော့ မဲသွားမထည့်ဘဲနေလို့ရရင်လည်း အိမ်မှာပဲ သက်သက်သာသာ နေမှာပေါ့။ သွားရတောင် သက်သာသေး။
ဒိုး။ ဟ ဟုတ်တာပေါ့ဘကြီးဖြိုးရ၊ မသွားဘဲနေလို့ဖြစ်တယ်ဆိုရင်တော့ဘယ်သူက အပင်ပန်းခံပြီးမဲ သွားထည့်ပါ့မလဲ။ ဒါပေမယ့်မဲထည့်ဖို့၊ မထည့်ဖို့က သေချာတော့ စဉ်းစားသင့်တယ်နော်။ အဓိကအချက်ကတော့ ကျွန်တော်တို့ ဆန္ဒမဲပေးပွဲမှာ ထောက်ခံမဲပေးလိုက်ရင်၊ ထောက်ခံမဲအများစုရရင်ကျွန်တော်တို့ နိုင်ငံအတွက် အခြေခံဥပဒေတစ်ခု ရှိလာမယ်။ ကန့်ကွက်မဲပေးတဲ့လူများရင်၊ ဒါမှမဟုတ် မဲမပေးတဲ့လူများရင် အခြေခံဥပဒေကို အတည်မပြုနိုင်ဘူး။
ဖြိုး။ မင်းတို့ အခြေခံဥပဒေဆိုတာကြီးကို ငါတို့ကဘာလုပ်ရမှာတုံး မောင်ဒဲ့ဒိုးရ။ အခြေခံဥပဒေဆိုတာ ရှိတော့ရောဘာထူးခြားလာမှာတုံး၊ ငါတို့ ဒီလိုပဲနေလာတာကြာခဲ့ပါပြီမောင်ရာ။ မင်းဟာကြီး ရှိ-ရှိ၊ မရှိ-ရှိ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ မဟုတ်လား။
ဒိုး။ ကျွန်တော်လဲ အဲဒါပြောချင်နေတာ ဘကြီးဖြိုးရဲ့ ။အခြေခံဥပဒေရှိတာ မရှိတာ ဘာကွာသလဲဆိုတာ။ ပထမဆုံးအချက်ကတော့ အခြေခံဥပဒေဆိုတာ ရှိလာရင်ဘကြီးဖြိုးတို့၊ကျွန်တော်တို့လို သာမန်ပြည်သူတွေမှာအခွင့်အရေးတွေ အများကြီးပိုရလာမယ် ဆိုတာပဲ။
ဖြိုး။ လုပ်စမ်းပါဦးကွာ၊ ဘာအခွင့်အရေးတွေများ ရမှာတုံး။အခွင့်အရေးဆိုရင်တော့ နည်းနည်းတော့ စိတ်ဝင်စားလာသလိုပဲ။ ပြည်တော်သာခေတ်ကလို လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လစဉ်ဝင်ငွေ ရှစ်ရာဆိုတာမျိုးလား။ အခုခေတ်မှာ ရှစ်ရာတော့ မလုပ်နဲ့မောင်ရေ၊ ရှစ်သောင်း လောက်ဆိုရင်တော့ ဟုတ်တုတ်တုတ်ပဲ။
ဒိုးဟာ-ဘကြီး ဖြိုးကလ။ဲ အစိုး ရကို အစစအရာရာအားကိုးတဲ့ခေတ် က ကုန်သွားပြီဗျ။ အခု ခေတ်က ကိုယ့်အား ကိုယ်ကိုးပြီး ကြီးပွားအောင်လုပ်ရမယ့် ခေတ်ဖြစ်လာပြီ။ ရလာမယ့် အခွင့်အရေးဆိုတာလည်း ဒါပဲ။ ကိုယ့်စီးပွားရေး၊ကြီးပွားရေးကို ဥပဒေဘောင်ထဲမှာ လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ခွင့်ရှိလာမယ်။စီးပွားရေးမှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက လက်ဝါးကြီးအုပ်ထားတာမျိုးကို တားဆီးကာကွယ်ပေးမယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းကို ပြည်သူပိုင်သိမ်းခံရမှာ ပူစရာမလိုဘူး။ ကိုယ့်ပိုက်ဆံတွေ တရားမဝင် ငွေစက္ကူကြေညာခံရမှာ ပူစရာမလိုတော့ဘူး။ အခုလာမယ့် အခြေခံဥပဒေမှာ အာမခံချက်ပေးထားတယ်။ တောင်သူလယ်သမားတွေ အတွက်လည်း ကိုယ်စိုက်ပျိုးတဲ့ သီးနှံတွေကို ဈေးနှိမ်ပြီး ဝယ်တာမျိုးမရှိရအောင်၊ သင့်တင့်မျှတတဲ့တန်ဖိုးရအောင်လုပ်ပေးမယ်။ လယ်သမား အခွင့်အရေး၊အလုပ်သမားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ ဥပဒေတွေ ပြဋာန်းပေးမယ်။ အဓမ္မစေခိုင်းတာတွေကို တားမြစ်ထားသလို၊ တစ်စုံတစ်ယောက်ရဲ့အသက်ကိုပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုပဲဖြစ်ဖြစ်နစ်နာဆုံးရှုံးမှု မရှိစေဖို့ အာမခံချက်လည်းပေးထားတယ်။ဥပဒေနဲ့အညီ လူတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိမယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ စည်းရုံးဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိမယ်။ နိုင်ငံသားအချင်းချင်း၊ ကျား၊ မ၊ လူမျိုး ၊ ဘာသာ၊ ဇာတိ၊ ရာထူး၊အဆင့်အတန်း ၊ ဆင်း ရဲ ချမ်း သာ စတာတွေကိုအကြောင်းပြပြီး ခွဲခြားမှုမရှိဖို့ အာမခံတယ်။ ပြည်သူတွေ အလုပ်လက်မဲ့နည်းပါးအောင် နိုင်ငံတော်က တတ်နိုင်သမျှဆောင်ရွက်သွားမှာဖြစ်သလို မိခင်နဲ့ကလေးတွေ၊ မိဘမဲ့ကလေးတွေ၊ တိုက်ပွဲကျ တပ်မတော်သားတွေရဲ့ ကလေးတွေ၊ အိုမင်းမစွမ်းတဲ့သူတွေ၊ မသန်စွမ်းတဲ့ သူတွေကိုလည်း နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်သွားမယ်။ပညာထူးချွန်တဲ့သူတွေကိုလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲအရည်အချင်းအလိုက် ချီးမြှောက် ထောက်ပံ့သွားမယ်။အဓိကအနေနဲ့ကတော့ လူတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးပြီး တန်းတူညီမျှ အခွင့်အလမ်းတွေရအောင် နိုင်ငံတော်က အားပေးထောက်ပံ့သွားမယ့် သဘောပါပဲ။
ဖိုး။ ကောင်းပါလေ့ကွာ ။ နို့ပေမယ့် မင်း ပြောတဲ့ အခွင့်အရေးတွေရအောင် ဒို့တွေက ဘယ်သူ့ သွားပြောရမှာတုံး၊ ငါတို့တောသူတောင်သားဆိုတာက မင်းနားစိုးပေါက်လည်းမဟုတ်တော့ ရုံးပြင်ကနားလည်း ရောက်ဖူးတာမဟုတ်ဘူး။
ဒိုး။ အဲဒါဟာ အခြေခံဥပဒေမှာ အရေးကြီးဆုံးပေါ့ ဘကြီးဖြိုးရာ။ ဘကြီးဖြိုးတို့ပြောချင်တာ ဆိုချင်တာရှိရင် ပြောလို့ဆိုလို့ရအောင် ဘကြီးဖြိုးတို့က စိတ်ချယုံကြည် အားကိုးရတဲ့ ကိုယ်စားလှယ်တစ်ယောက်ရွေးပြီး ပြောခိုင်းလို့ရတယ်။ အဲဒီလိုကိုယ်စားလှယ်ရွေးတာကလည်း ဘကြီးဖြိုးတို့မဲပေးပြီး ရွေးကောက်ပွဲနဲ့ ရွေးရဦးမှာ။ အဲဒီလိုကိုယ့်ရဲ့ကိုယ်စားလှယ်ကို ကိုယ့်ဘာသာမဲပေးပြီး ရွေးခွင့်ရှိတာအခြေခံဥပဒေအတည်ဖြစ်မှ ဖြစ်လာမှာလေ။
ဖြိုး။ မင်း ပြောတဲ့ ကိုယ်စားလှယ်ဆိုတာ ဟိုး -ပါတီခော်တုန်းက ပါလီမန်အမတ်ကို ပြောတာလား။ ဒို့များတွေ့ဖူးခဲ့ပါပြီမောင်ရာ။ မဲမထည့်ခင်ကတော့ လေတစ်လုံး မိုးတစ်လုံးနဲ့သူ့ကို မဲထည့်ရင် ပဒေသာပင် မြေက ထပေါက်တော့မလိုနဲ့၊ ငါတို့ရွာ လျှပ်စစ်မီးရအောင် လုပ်ပေးမလေးဘာလေး မိုးလားကဲလား ပြောပြီးတော့ သူသာ ပါလီမန်အမတ်ဘဝက ပြုတ်သွားတယ်၊ ငါတို့ကတော့ ရေနံဆီမီးခွက်ဘဝက မတက်ခဲ့ပါဘူး။ ဒီဘက်ခေတ်ရောက်မှလျှပ်စစ်မြစ်ရေတင်စီမံကိန်းတွေဘာတွေနဲ့ဟန်ကျသွားတာ။
ဒိုး။ ဒါကတော့ ဘကြီးဖြိုးရာ၊ ဒီမိုကရေစီဆိုတာ ဒီလိုပဲဗျ။ဗီဒီယိုဇာတ်ကားကြည့်ရင် နာမည်ကြီးမင်းသား မင်းသမီးပါရုံနဲ့ ဇာတ်ကားကောင်းမှာပဲလို့ ထင်လို့မရသလို ဘယ်ပါတီ၊ ညာပါတီ၊ နာမည်ကြီးပါတီက အမတ်လောင်းဆိုပေမယ့်လည်း ကိုယ့်မြို့ကိုယ့်ရွာ ကောင်းစားရေးတကယ်လုပ်ပါ့မလားဆိုတာယုံစားလို့မရဘူး။ တည့်တည့်ပြောရရင်နွားပွဲစား နွားမဝယ်ခင် နွားကြည့်သလို ပါးစပ်ဖြဲကြည့်လိုက်၊အမြီးလှန်ကြည့်လိုက်၊ ချိုကြည့်လိုက်၊ ဗွေကြည့်လိုက်နဲ့စစ်စစ်ပေါက်ပေါက် ကြည့်နိုင်မှ တန်ကာကျတာ၊ ရွေးတတ်ရင်တော့ ခိုင်းကောင်းတဲ့(အဲလေ) အားကိုးရတဲ့ လွှတ်တော်ကိုယ်စားလှယ် ရနိုင်ပါတယ်။
ဖြိုး ။ နိုင်ငံရေးသမားဆိုတာတော့ လေကခပ်များများပါကွာ။
ဒိုး ။ သူတို့အလုပ်ကိုက လေနဲ့လုပ်စားရတဲ့ အလုပ်ကိုး ဘကြီးဖြိုးရဲ့။ ပါလီမန်ဆိုတာကိုက စကားပြောတဲ့ နေရာလို့ ခေါ်တာ။ သူတို့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလုပ်ကကိုယ့်ကိုရွေးချယ်တင်မြှောက်ပေးတဲ့ မဲဆန္ဒရှင် ပြည်သူတွေအကျိုးအတွက် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို တင်ပြပေးဖို့၊ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးဖို့၊ မဲဆန္ဒရှင် ပြည်သူတွေ ကြီးပွားချမ်းသာအောင် ကိုယ့်မဲဆန္ဒနယ် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးဖို့ပဲလေ။
ဖိုး ။ မင်းဥစ္စာတွေက ပြောရုံနဲ့ဖြစ်လာမှာလား ကိုယ့်လူရာ။
ဒိုး။ ပြောရုံနဲ့တော့ ဘယ်ြဖစ်ပါ့မလဲ ဘကြီးဖြိုးရဲ့ ။ ကိုယ်ဖြစ်ချင်တဲ့ကိစ္စတွေကို ဥပဒေကြမ်းအဖြစ်နဲ့ပြုစုပြီး အများသဘောတူမဲခွဲဆုံးဖြတ်လို့ မဲအများစုရရင် အဲဒါဟာ အတည်ဖြစ်ပြီးအစိုးရက အဲဒီဥပဒေအတိုင်း လိုက်ပြီး လုပ်ပေးရတာပေါ့။ ဥပမာဆိုပါတော့- ဘကြီးဖြိုးတို့ တောင်သူလယ်သမားတွေက စိုက်ပျိုးစရိတ်ချေးငွေတွေ နည်းလို့ ဒီထက်ပိုလိုချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ရေး ဥပဒေကြမ်းကို ပြုစုပြီးလွှတ်တော်မှာတင်မယ်။ လွှတ်တော်မှာ ဒီကိစ္စကို သဘောတူတဲ့သူနဲ့ သဘောမတူတဲ့သူတွေ ဆွေးနွေးငြင်းခုံကြမယ်။အစိုးရဌာနက တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး စုံစမ်းမေးမြန်းမယ်။ နောက်ဆုံးညှိနှိုင်း အတိုးအလျှော့လုပ်ပြီးမဲခွဲဆုံးဖြတ်မယ်။ မဲနိုင်ရင် ဘကြီးဖြိုးတို့ စိုက်ပျိုးစရိတ်ချေးငွေ ပိုရလာမှာပေါ့။
ဖြိုး။ ဒါဆို အခြေခံဥပဒေမရှိရင် လွှတ်တော်လည်း မရှိဘူး။လွှတ်တော်မရှိရင် ငါတို့လိုချင်တာ၊ ပြောချင်တာ တွေ ပြောစရာနေရာ မရှိဘူးပေါ့ ဟုတ်လား။
ဒိုး။ သေချာတာပေါ့ ဘကြီးဖြိုးရာ။ လွှတ်တော်ထဲမှာလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘယ်သူ့ကိုမှကြောက်စရာ မလိုဘဲ လွှတ်တော်စည်းကမ်းနဲ့အညီလွတ်လွတ်လပ်လပ် ပြောချင်တာပြောလို့ရတယ်။အာဏာရတဲ့ အစိုးရကိုလည်း နှစ်ပြားမတန်အောင် ဝေဖန်လို့ရတယ်။အဲဒီအတွက်အရေးယူခံရမှာကို ဘာမှ ကြောက်စရာမလိုဘူး။ ဥပဒေနဲ့ကာကွယ်ပေးထားတယ်။ အယုတ္တအနတ္တဆဲတာဆိုတာ၊ အမတ်မင်းတွေ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ် နပန်းလုံးတာမျိုးတော့ မရဘူးပေါ့ဗျာ။ လွှတ်တော်အမတ်ဆိုတာ ဂုဏ်သိက္ခာတော့ ရှိရမှာပေါ့။ လွှတ်တော်မှာ ပြောဆိုနေတာတွေကိုလည်းစည်းကမ်းနဲ့အညီ ပြည်သူတွေကဝင်ပြီးနားထောင်လို့ ရတယ်လေ။
ဖြိုး။ ဒါဆိုရင်တော့ အကောင်းသားပေါ့ကွာ။ ဒါပေမယ့် ငါတစ်ခုတော့မေးပါရစေဦး။ အခုနိုင်ငံရေးသမားတွေက စစ်အစိုးရလက်ထက်မှာ လွတ်လွတ်လပ်လပ် ပြောခွင့်မရှိဘူး။ ဘာအခွင့်အရေး၊ ညာအခွင့်အရေး မရဘူး။အဓမ္မအခိုင်းခံနေရတယ်၊ ဘာ-ညာနဲ့ သူတို့ပဲ ပြောနေပြီးတော့ အဲဒီအခွင့်အရေးတွေကို အာမခံချက်ပေးထားတဲ့အခြေခံဥပဒေကိုကျတော့ ဘာလို့ မဲမထည့်ဖို့၊ကန့်ကွက်ဖို့အော်နေကြပြန်တာလဲ။
ဒိုး။ ဒါကတော့  ဘကြီး ဖြိုးရာ။အစိုးရက ဗျိုင်းဆိုတာဖြူပါတယ်ဆိုရင် သူတို့က မျက်စိစုံမှိတ်ပြီး ကျီးကန်းလို မည်းပါတယ်လို့ အော်ဦးမှာပဲ။ ပြီးတော့လဲ ပါးစပ်ကသာ စစ်အစိုးရအလိုမရှိလို့ အော်နေတာ။ စိတ်ထဲမှာတော့ စစ်အစိုးရသက်တမ်းရှည်ပါစေလို့ ဆုတောင်းနေကြတာဗျ။
ဖြိုး။ မင်းဟာက ဘယ်လိုကြီးတုံးကွ၊ ရှုပ်ကုန်ပြီ။
ဒိုး။ ဒီလိုပါ ဘကြီးဖြိုးရဲ့။ အဲဒီလို စစ်အစိုးရ အလိုမရှိလို့အော်နေတဲ့ နိုင်ငံရေးသမားတွေက အော်နိုင်လို့ စားပေါက်ချောင်နေတာ။ အဲဒီလိုအော်ဖို့ သူတို့ကိုနောက်ကဒေါ်လာတွေ သန်းပေါင်းများစွာ ပေးထားတာ။ ပြောင်ပြောင် တစ်မျိုး၊ တိတ်တိတ်တစ်မျိုး နည်းအမျိုးမျိုးနဲ့ ပေးနေတာလေ။ အခြေခံဥပဒေပေါ်လာလို့ စစ်အစိုးရ မရှိတော့ရင် သူတို့အော်စရာမရှိတော့ စားပေါက်လည်း ပိတ်ပြီပေါ့။ ဒါကြောင့်မို့ အခြေခံဥပဒေလည်း အတည်မဖြစ်အောင်၊ စစ်အစိုးရလည်း သက်တမ်းရှည်အောင် ဆန္ဒမဲမပေးဖို့၊ ပေးရင်လည်း ကန့်ကွက်မဲပေးဖို့ အသည်းအသန်လှုံ့ဆော်နေကြတာပေါ့ ဘကြီးဖြိုးရဲ့။
ဖြိုး။ ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီလိုဆိုရင်တော့ အတော်ကလေးရှင်းသွားပါပြီကွာ ။ ဒို့ကတော့ ဘယ်သူတွေ ဘာပြောပြော ဒို့ပြည်သူတွေရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုရဖို့၊ ဒို့ပြောချင်တာတွေ လွတ်လွတ်လပ်လပ်ပြောခွင့်ရဖို့၊အေးအေးချမ်းးချမ်းးတန်းးတူရည်တူ လုပ်ကိုင်စားသောက်နိုင်ဖို့ ဒီဆန္ဒမဲပေးပွဲကြီးမှာ ပြတ်ပြတ်သားသား ထောက်ခံမဲပေးလိုက်တော့မယ်ကွာ...
(၂၁.၀၄.၂၀၀၈) သတင်းစာပါ ဆောင်းပါးရှင် မောင်ဒဲ့ဒိုးရဲ့ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။
မှတ်ချက်။ ။ကျွန်တော်တို့ ကိုယ်တိုင်လဲ နိုင်ငံရေးနဲ့ အကျွမ်းတ၀င် မရှိပါ ။ အေးချမ်းစွာနဲ့ ဖြစ်ပေါ်လာတော့မယ့် ကျွန်တော်တို့ရဲ့နိုင်ငံတော်သစ်ကြီးအတွက် ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်ဆိုတဲ့အတိုင်း ပြတ်ပြတ်သားသားထောက်ခံကြပါစို့...ဒီပို့စ်လေးကို oppositeye မှကူးယူတင်ပြချင်းဖြစ်ပါသည်..................
You might also like:

No comments:

Post a Comment