Saturday, June 23, 2012

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဘူးသီးတောင်၊ မောင်တောနယ်မြေ အခြေအနေများ လှည့် လည်ကြည့်ရှုစစ်ဆေး


နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးသည် ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်း ရှိ ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းများ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ အောင်သပြေကျေးရွာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းသို့ စစ်ဆေးရာတွင် ဘူးသီးတောင်မြို့ အလက (၁)နှင့် ရွှေကျင် ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်း ၌ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ လူဦးရေ ၈၂၈ ဦး အားတွေ့ဆုံကာ အခြေအနေများကို မေးမြန်းစုံစမ်းပြီး ၎င်းတို့၏ သဘောထားများကိုမေးမြန်း၍ အားပေးစကားပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများအား လိုအပ်သော လုံခြုံရေးအစီအမံ များ ပိုမိုပြုလုပ်ပေးပြီး ၎င်းင်းတို့ ဆန္ဒရှိသည့်အချိန်တွင် သက်ဆိုင်ရာကျေးရွာ များသို့ ပြန်လည်အခြေပြုနေထိုင်ကာ မိမိတို့၏လုပ်ငန်းများ ပုံမှန်ပြန် လည်လုပ်ဆောင်နိုင်ရေး မှာကြားသည်။ ထို့နောက် လတ်တလော အဆင်ပြေစေရေးအတွက် ထောက်ပံ့ ငွေကျပ် သိန်း ၅ဝ ၊ ဆန်အိတ်(၂ဝ)၊ စားသုံးဆီပိဿာ(၅ဝ)၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဂန္ဓမာစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာ သားများနေထိုင်စားသောက် လုပ်ကိုင် နေမှုများကိုတွေ့ဆုံမေးမြန်းပြီး ကျေးရွာ များထူထောင်ပေးရသည့် ရည်ရွယ် ချက်နှင့်လူနေမှုအဆင့်အတန်း ပိုမိုမြင့် မားလာစေရေးအတွက် ပိုမိုအားထုတ် ကြိုးပမ်းသွားရန်၊ ကျေးရွာမှ ပညာတတ် လူငယ်များ အလုပ်အကိုင်ရရှိရေးတို့ကို မှာကြားကာ ထောက်ပံ့ငွေများကို ပေး အပ်သည်။

ယင်းနောက် ပြည်ထောင် စုဝန်ကြီး နှင့်အဖွဲ့သည် ဘူးသီးတောင်မှ အောင် သပြေစံပြကျေးရွာသို့ထွက်ခွာပြီး နယ်စပ် ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာန ချုပ် အမှတ်(၁)နယ်မြေရုံး ဧည့်ခန်းမ ဆောင်၌ အောင်သပြေကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရဲအောင်စံရဘွေ၊ ကာလာဒေဘက်၊ စံဇူရီ၊ ကြောင်နဘေ၊ ရွာသစ်ကေ၊ သုပဏ္ဏက ကျေးရွာ(၇) ရွာတို့မှ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝေးလံပြီး လူသူ အရောက်အပေါက်နည်းသော နယ်မြေဒေသဖြစ်သော်လည်း သာယာ စိမ်းလန်းစိုပြည်ကာ သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝသည်ကိုတွေ့ရ ပါကြောင်း၊ ပညာရေးဝန်ထမ်း ကျောင်း ဆရာများမှာလည်း ငယ်ရွယ်သန်စွမ်း သည်ကိုတွေ့ရပြီး အုပ်ချုပ်ရေးပိုင်းတွင် လည်း ငယ်ရွယ်သူများ ဦးဆောင်ထမ်း ရွက်နေသည်ကိုတွေ့ရှိရသဖြင့် ကျေနပ်
အားရပါကြောင်း၊ ၎င်းအပြင်ဒေသတွင်း ပြဿနာကြီးငယ်မရှိဘဲ နေထိုင်နိုင်၍ ဝမ်းမြောက်ကြောင်း၊ အေးချမ်းတည်ငြိမ် မှုကို ဆက်လက်ထိန်းသိမ်းပြီး လုပ်ကိုင် စရာရှိသည်များကို ပုံမှန်လုပ်ကိုင်သွား ကြရန် မှာကြားလိုကြောင်း၊ မတည် ငြိမ်မှုကြောင့် အခိျု့ဒေသများတွင် နိစ္စ ဓူဝ အသက်မွေးဝမ်းကျောင်းမှုများကို မလုပ်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုး မှုအောက်တွင် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နှင့် နေထိုင်သွားကြ ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ကျေးရွာကိုယ်စားလှယ် များ၊ ဝန်ထမ်းများ၏ သဘောထား အမြင်များကို ပြောကြားစေ၍ လိုအပ် ချက်များအား ရှင်းလင်းမှာကြားဆွေး နွေးခဲ့ပြီး အောင်သပြေစံပြကျေးရွာမှ စစ်တွေမြို့သို့ ပြန်လည်ရောက် ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်တွေမြို့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်တို့နှင့် နယ်မြေ အခြေအနေတို့ကို တွေ့ဆုံဆွေးနွေးပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ စစ်တွေမြို့ တွင်းရှိ ပျက်စီးမှုအခြေအနေများနှင့် ကယ်ဆယ်ရေး စခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

Myanmar Express

No comments:

Post a Comment